#Local_News
Published_5 July 2022

 

မှော်ဘီမြောင်းတကာဓာတ်မြေဩဇာစက်ရုံနှင့် ကန်ကြီးထောင့်ဓာတ်မြေသြဇာစက်ရုံများမှ တစ်နေ့လျှင် ဓာတ်မြေသြဇာ တန် ၃၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက သိရသည်။

 

အဆိုပါ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေ သြဇာစက်ရုံ(ကန်ကြီးထောင့်)တို့မှာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်တွင်ရှိပြီး ယခုဇူလိုင်လ ၁၃ ရက်မှ စတင်လည်ပတ်ပြီးနေ့စဉ်တန် ၃၀၀ ထုတ်လုပ်မည့် ဓာတ်မြေသြဇာအမျိုးအစားများမှာ ယူရီးယားဓာတ်မြေသြဇာဖြစ်ပြီး စိုက်ပျိုးရာသီအမီ တောင်သူလယ်သမားများအတွက် ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ယခုကဲ့သို့ စိုက်ပျိုးရာသီတွင် ဓာတ်မြေသြဇာများ ဖြည့်ဆည်းနိုင်ရေး၊အရည်အသွေးပြည့်ဝသည့် ဓာတ်မြေသြဇာများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက်လုပ်ငန်းသုံးစက်ပစ္စည်းများနှင့်ထုတ်ကုန်များ အရည်အသွေးပြည့်မီရန်နှင့် စီးပွားရေးအရ တွက်ခြေကိုက်ပြီးအောင်မြင်သည့် စက်ရုံတစ်ရုံဖြစ်စေရေးအတွက် လည်ပတ်ထုတ်လုပ်နိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group