#Local_News
Published - 4 July 2022

 

စက်သုံးဆီဈေးကြောင့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင်ယာဉ်စီးခတိုးမြှင့်ထားသော်လည်း ပုံမှန်အတိုင်းပြေးဆွဲပေးနေကြောင်း YRTC မှ သိရသည်။

 

အဆိုပါ ယာဉ်စီးခဈေးနှုန်းကို နှစ်ဆ၊ သုံးဆမြင့်တက်သွားခြင်းမျိုးမဟုတ်ပဲ ယခင်ကောက်ခံသည့်နှုန်းထားထက် ၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိသာ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စက်သုံးဆီစျေးမြင့်တက်နေမှုကြောင့် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းပြေးဆွဲမှုကိုရပ်နားထားခြင်းမရှိသော်လည်း ခရီးသည်အခြေအနေပေါ်မူတည်၍ ပြေးဆွဲပေးနေကြောင်း သိရသည်။

 

အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ရန်ကုန်အခြေပြုယာဥ်လိုင်းပေါင်း ၁၁၉ လိုင်းရှိပြီး ယာဥ်အစီးရေ ၃၄၄ စီးနှင့် နေ့စဥ်ခရီးသည်ဦးရေ ၆၀၀၀ ကျော် ပို့ဆောင်ပေးနေကြောင်း၊ ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နားစခန်းတွင် ရန်ကုန်အခြေပြုယာဥ်လိုင်းပေါင်း ၇၅ လိုင်းရှိပြီး ယာဥ်အစီးရေ ၁၅၅ စီးဖြင့် နေ့စဥ်ခရီးသည် ၂၀၀၀ ကျော်ကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းများ အနေဖြင့် စက်သုံးဆီစျေးမြင့်တက်ခြင်းနှင့် ခရီးသည်နည်းပါးမှုတို့ကြောင့် အဆင်မပြေမှုများရှိနေကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group