#LocalNews
Published - 3 July 2022

 

ထိုင်းနိုင်ငံသို့ နှစ်လအတွင်း MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၉၃၂၈ ဦး စေလွှတ်ခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရသည်။

 

ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းကို ယာယီရပ်နားထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် ၂၀၂၂ ခုနှစ် ၊ မေလ ၁၀ ရက်မှစ၍ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ယခုနှစ် မေလနှင့် ဇွန်လအတွင်း မြဝတီ - မဲဆောက် လမ်းကြောင်းမှ ၂၃ ကြိမ် စေလွှတ်ခဲ့ပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီ ၂၅ ခုမှ ထိုင်းကုမ္ပဏီ ၇၂ ခုသို့ အလုပ်သမား ကျား ၅၂၅၂ ဦး ၊ မ ၄၀၇၆ ဦး စုစုပေါင်း ၉၃၂၈ ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများကို မြန်မာအလုပ်သမားသံအရာရှိရုံး နှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ သက်ဆိုင်ရာလုပ်ငန်းခွင် ရောက်ရှိသည်အထိ စီစဉ်ချိတ်ဆက်ပေးထားကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group