Published 1 July 2022

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီးသည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ (၅)နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကျောင်းလီကျင်းက ယနေ့ ဇူလိုင်(၁) ရက်နေ့က ကြေညာတဲ့အကြောင်း CGTN ကသတင်းထုတ်ပြန်ပါတယ်။

မစ္စတာဝမ်းယီးဟာ မြန်မာနိုင်ငံ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ထိုင်းနှင့် မလေးရှားနိုင်ငံတွေကို ဇူလိုင် ၃ရက်မှ ၁၄ရက်အထိ သွားရောက်မှာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဝမ်းဟာ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၇ကြိမ်မြောက် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ပြီး အဲဒီကမှ အင်ဒိုနီးရှားနိုင်ငံရဲ့ ဖိတ်ကြားချက်အရ G20  ကွန်ဖရင့်ကို ဆက်လက်တက်ရောက်မယ်လို့ သိရပါတယ်။

Source CGTN