#Local_News
Published - 29 June 2022

 

ပြည်ပရောက် CDM ပြုလုပ်ထားကြသူများနှင့် လူငယ်များအား နယ်စပ်ဒေသများတွင် စခန်းဖွင့်၍ ကြိုဆိုသွားမည်ဖြစ်ကြောင်း နစက ကထုတ်ပြန်လိုက်သည်။

 

ပြန်လည်ဝင်ရောက်လာလိုသူများအနေဖြင့် သတင်းပို့ဆက်သွယ်ပါက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးမည် ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်တွင်းရှိ CDM ပြုလုပ်ထားသူများနှင့် လူငယ်များအားလည်း ကြိုဆိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အချို့သော CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများသို့ ရောက်ရှိသွားခဲ့ပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများသို့ စာရင်းသွင်း ပါဝင်တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့သင်တန်းတက်ရောက်ခဲ့သူများအနက်မှ အချို့မှာ ယင်းလုပ်ရပ်များတွင် ပါဝင်လိုခြင်းမရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ပြီး ပြည်တွင်းပြည်ပဒေသအချို့၌ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ကြားသိရသောကြောင့် မြန်မာနိုင်ငံရှိနေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံနိုင်ရေးအတွက် နယ်စပ်ဒေသအသီးသီးတွင် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ymg/sth
#Yangon_Media_Group