#LocalNews
Published _26 June 2022

 

ထိုင်းနိုင်ငံဘန်ကောက်မြို့ စံဖေင်စျေးအတွင်း မီးလောင်မှုတွင် လူနှစ်‌ဦးသေဆုံးသည့်အနက် တစ်ဦးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်းသိရသည်။

ယနေ့ဇွန်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က စံဖေင်စျေး ၃ ထပ်တွင်မီးလောင်ခဲ့ရာ နှစ်ဦးမှာ အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး နှစ်ထပ်နှင့် သုံးထပ်ကြား လှေကား၌ ပိတ်မိကာသေဆုံးလျက်‌တွေ့ရခြင်းဖြစ်ကြောင်းသိရသည်။

 

သေဆုံးသည့်ထိုင်းနိုင်ငံသားမှာ အသက် ၅၂ နှစ်အရွယ် ငွေရှင်းဝန်ထမ်းဖြစ်ပြီး မြန်မာနိုင်ငံသားမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း ၊ အဆိုပါမီးလောင်မှုကြောင့် လူ ၆ ဦးလည်းဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။

သေဆုံးသည့်မြန်မာနိုင်ငံသားမှာ မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။

 

ymg/mt
#Yangon_Media_Group