Published 26 June 202

ရှမ်းပြည်နယ်( အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့နယ်၊နားကောင်းမွန်းဒေသ၊ဟွေအော အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ပါတယ်။

မိုင်းဆတ်ခရိုင်၊ ဝ အထူးဒေသ( ၂)စစ်ဒေသ (၁၇၁) တပ်ဖွဲ့မှ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် ဒု နိုင်ငံရေးမှူး ဦးညီကပ်မှမူးယစ်ဆေးဝါးနှိမ်နှင်းရေနှင့်စပ်လျဥ်း၍

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စများသည် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊၄င်းတို့အနေနှင့်  မျိုးရိုးစဉ်ဆက် ဒုက္ခပေးသည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက်  တစိုက်မတ်မတ်လုပ်ဆောင်ရန် အတွက် သံန္ဓိဌာန်ချမှတ်ထားတယ်လို့ပြောပါတယ်။

၂၀၁၉ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ  (၃၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး (၃)နှစ်အတွင်း စုစုပေါင်းစိတ်ကြွဆေးပြား(၁၁၃၆၆၁၄၂)ပြား၊ရေခဲ (၉၀) ထုတ်၊ဘိန်းမဲ  (၅၅)ကီလိုဂရမ်၊ကဖင်းမှုန့် (၁)ပုလင်းနှင်း (၁)ဂရမ်၊ကဖင်းမှုန့် (၉၀)ထုတ်၊လိမ္မော်ရည် ဆေးရည် (၄၀)ပုလင်း၊မော်လိကျင်အရည် (၈၆)ပုလင်း၊ကော်မှုန့် (၅၆)ထုတ်၊ဖန်စီဒိုင်း (၆၀၃)ပုလင်း၊ပန်းရေညင် မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်း (၅)ထုတ်၊မူးယစ်ဆေးဝါး ရောင်းရသည့်ငွေ ၅၀၀၀၁၄ဘတ်၊ တရုတ် ယွမ်ငွေ ၃၀၉.၁ယွမ်၊ကျပ်ငွေ ၃၇၀၆၀၀ကျပ်၊ဖုန်း ၅၉)လုံး၊နာရီ (၅)လုံးAK 47 -(၃)လက်၊ကျည်ဆံ (၁၈၉)ခု၊တူမီး (၂)လက်၊၄၀M ဗုံးပစ် လောင်ချာ (၁)လုံး၊ဗုံးသီး (၁၅)လုံး၊equipments(၂)ခု၊၁၃ MM ပစ္စတို (၂)လက်၊ကျည်ဆန် (၁၀)လုံး၊၉MM  -၂လက်၊ကျည်ဆန် (၅၄)လုံး၊M 16-၂လက်၊ကျည်ဆန်  (၁၈၁)လုံး၊ကျည်ကတ် (၃)ခု၊AK 47 -၂လက်၊ကျည်ဆံ အလုံး (၁၀၀)၊ဓာတ်မီး (၄၂)လုံး၊ကားငယ် (၁၂)စီး၊ဆိုင်ကယ် (၁၁)စီးစကားပြောစက် (၉)လုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၁၉)ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ (၅၃)ဦး ရှိကာ သက်ဆိုင်ရာသို့  (၈)ကြိမ်တိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့   စစ်ဒေသ (၁၇၁)မှ  ဒုစစ်ဒေသမှူး ဦးကျလောဘိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဟွေအော၊နာကောင်းမူ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စသည့် စုစုပေါင်း အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

Ymg/ys-tcl