#LocalNews
Published - 16 June 2022

 

'မရှိ၍ မလင်းသူမရှိစေရ'(မွန်ပြည်နယ်)အစီအစဥ်ဖြင့် ချောင်းဆုံမြို့နယ်က စီစစ်ပြီးခွဲစိတ်ရန် ကျန်ရှိတဲ့ လူနာ(၅)ဦးကိုဇွန်လ (၁၄)ရက်တွင် ထပ်မံခွဲစိတ်ပေးခဲ့ပြီး ဇွန်လ(၂၂)ရက်တွင်လည်းထပ်မံခွဲစိတ်ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်၊၊

 

ချောင်းဆုံမြို့နယ်တွင်းက ကမာမိုကျေးရွာက ဒေါ်ခင်ကြည်၊ ကမာမိုကျေးရွာက ဒေါ်မြင့်မြင့်စိန်၊မုနိုင်းကျေးရွာကဒေါ်မြနွယ်၊ ကော့ဒကဲ့ကျေးရွာက ဒေါ်လွန်းအေးတို့ကိုဇွန်လ (၁၄)ရက်တွင်မျက်စိခွဲစိတ်ကုသ ပေးခဲ့သည်၊၊

 

မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းဦးဆောင်၍ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးနေတာဖြစ်ပြီးမော်လမြိုင်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး မျက်စိဆရာဝန်ကြီးများ သူနာပြုဆရာ ဆရာမများက အလှူရှင်များ၏အလှူငွေဖြင့် ခွဲစိတ်ကုသပေးနေခြင်း ဖြစ်သည်၊၊

 

မွန်ပြည်နယ်အတွင်းရှိမျက်စိဝေဒနာရှင်များ မိမိတို့နီးစပ်ရာ ပြည်သူ့ကျန်းမာရေးဌာနများကို ဆက်သွယ်နိုင်ကြောင်းနှင့် အလှူရှင်များလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group