#LocalNews
Published - 9 June 2022

 

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်တောင်ကြီးမြို့တို့ရှိ သတ်မှတ်ထားသည့် KBZ ATM ငွေထုတ်စက်များတွင် ဇွန် ၉ ရက်မှစတင်ပြီး တစ်ပတ်လျှင် အများဆုံး ကျပ် ၃ သိန်း ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း KBZ ဘဏ်မှ သတင်းထုတ်ပြန်ထားသည်။

 

ကမ္ဘောဇဘဏ်အနေနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင်ကမ္ဘောဇဘဏ် MPU Debit (ATM ကတ်) မှဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်းနည်းလမ်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းအပြင် ငွေသားထုတ်ယူနိုင်သည့် KBZ ATM စက်များကို ဆက်လက်တိုးချဲ့ပေးသွားမည်ဖြစ်ပြီး ငွေသားထုတ်ယူနိုင်သည့် ATM စာရင်းများကို အချိန်နှင့် တပြေးညီကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group