#LocalNews
Pulished_ 3 June 2022

 

ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်မှု (Logistics Services) အပါအဝင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေထားရှိခွင့်ပြုသည့် ပမာဏ သတ်မှတ်ချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

 

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၂၂)အရ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအသင်းဝင် ကုမ္ပဏီတစ်ခုကို လစဉ် အမေရိကန်ဒေါ်လာ ၃ သိန်းခန့် နိုင်ငံခြားငွေစာရင်းမှာ ထားရှိခွင့်ပြုပြီး ၃သိန်းထက် ကျော်လွန်သည့် ပမာဏကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားရှိသည်။

 

မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ သင်္ဘောလိုင်း တစ်ခုကို အမေရိကန်ဒေါ်လာ ၂ သန်း ငွေစာရင်းထားရှိခွင့်ပြုပြီး ၂သန်းထက် ကျော်လွန်သည့် ပမာဏကို ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

 

နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊ နိုင်ငံတကာ လေကြောင်းလိုင်းများ အနေနှင့် မြေပြင်ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်ငန်းတစ်ခုကို အမေရိကန်ဒေါ်လာ ၁ သိန်း ငွေစာရင်း ထားရှိခွင့်ပြုပြီး ၁သိန်းထက် ကျော်လွန်သည့် ပမာဏကို ကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံခြားသုံးငွေ ထားရှိခွင့်ပြုသည့် ပမာဏအား သတ်မှတ်ခွင့်ပြုတာကို လိုက်နာဆောင်ရွက်ရမည်ဟု အသိပေးအကြောင်းကြားထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

ymg/NN
#Yangon_Media_Group