#LocalNews
Published - 26 May 2022

 

မန္တလေး-လားရှိုးလမ်းမကြီးရှိ မြိုင်ကြီးကွေ့တွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ လူတစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဥ်တစ်ခု ဒီကနေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ဒီကနေ့ မေ ၂၆ ရက်၊ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိးလမ်း မိုင်တိုင်အမှတ်(၅၁/၃)နှင့် (၅၁/၄)ကြားရှိ မြိုင်ကြီးကွေ့တွင် သံပြားများ တင်ဆောင်မောင်းနှင်လာသော ကုန်တင်ယာဉ် (၁) စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို ပြင်ဦးလွင်ခရိုင်/ မြိုနယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရတာပါ။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် ယာဉ်မောင်း အမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး ယာဉ်နောက်လိုက် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးခဲ့သူတို့အား သန္တိသုခ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

Photo - MFSD
#Yangon_Media_Group