#LocalNews
Published_26 May 2022

 

နှစ်နိုင်ငံ MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလုပ်သား ၃၅၀ ဦးကို မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၂ တံတားမှ ထပ်မံထွက်ခွာသွားကြကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများမှသိရသည်။

 

ယနေ့ မေလ ၂၆ ရက်တွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင် အေဂျင်စီ၊ ယွန်းနဒီ အေဂျင်စီ၊ New Covenant အေဂျင်စီ ကုမ္ပဏီတို့မှ မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၂ တံတားမှ ထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ပွင့်ဖူးအောင် အေဂျင်စီကုမ္ပဏီမှတာဝန်ယူ စေလွှတ်လိုက်သည့် လုပ်သား ၁၅၀ ဦးမှာ ထိုင်းနိုင်ငံ၊ဆူဖန်မြို့ရှိ ကြက်သားစက်ရုံသို့ လည်းကောင်း၊ ယွန်းနဒီ‌ အေဂျင်စီကုမ္ပဏီမှလုပ်သား ၄၉ ဦးမှာ ထိုင်းနိုင်ငံ၊ နခွန်းနာယုတ်မြို့ရှိ Chuseng Farm Co., Ltd ကုမ္ပဏီပိုင် မွေးမြူရေးလုပ်ငန်းသို့လည်းကောင်း၊ New Covenant အေဂျင်စီကုမ္ပဏီမှ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ကြမ်းခင်းအထပ်သားထုတ်လုပ်ရေးစက်ရုံသို့ လုပ်သား ၉၈ ဦး နှင့် ဘန်ကောက်မြို့ရှိ ကလေးကစားစရာအရုပ်ချုပ်လုပ်သည့် စက်ရုံသို့ လုပ်သား ၅၇ ဦ၊ စုစုပေါင်း ၁၅၅ ဦးကို လည်းကောင်း အသီးသီး သွားရောက်လုပ်ကိုင်ခွင့်ရခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group