#LocalNews
Published_26 May 2022

 

နှစ်ရက်အတွင်း ထိုင်းနိုင်ငံသို့တရားမဝင်သွားရောက်သူ ၃၀၀ ခန့် ဖမ်းဆီးခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

မေလ ၂၄ ရက်နှင့် ၂၅ ရက်အတွင်း ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ပြည်နယ် နှင့် ကန်ကျနဘုရီပြည်နယ်၂ ခုတွင် တရားမဝင် မြန်မာ ၂၉၅ ဦး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ယင်းတို့မှာ ပွဲစားခ ဘတ် နှစ်သောင်းခွဲမှ သုံးသောင်းထိပေး၍ ထိုင်းနိုင်ငံသို့ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တရားမဝင်မြန်မာများမှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ၊ တနင်္သာရီတိုင်းဒေသကြီး ထာဝယ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှဖြစ်ပြီး ဘန်ကောက် စမွတ်စခေါင် ချွန်ဘုရီ စုံခလာ ရာဇ်ဘုရီ ရယောင် သို့ သွားရောက်ရန်လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group