#LocalNews
Published - 26 May 2022

 

အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် မေလ ၂၆ ရက် (ယနေ့) မှစတင်၍ ကျောင်းအပ်လပ်ခံနေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

"ကျောင်းစအပ်တဲ့နေ့မှာပဲ လာအပ်တဲ့သူတော်တော်များပါတယ်။ အရင်နှစ်ထက်စာရင်များလာတာပေါ့၊ မနှစ်ကဆိုရင် လူနည်းလို့ ကျောင်းတွေကိုတောင်ပေါင်းပြီးတော့ သင်ရတဲ့အခြေအနေမှာရှိခဲ့တယ်" ဟုအမည်မဖော်လိုသူ ဆရာမတစ်ဦးကပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားသူ ၄၇ သိန်းကျော်ရှိပြီး အမှန်တကယ်ကျောင်းတတ်ရောက်သူဦးရေမှာ ၃၃ သိန်းဝန်းကျင်သာရှိကြောင်း၊ ယခုပညာသစ်နှစ်တွင် ကျောင်းအပ်နှံသူဦးရေမှာ ယခင်ပညာသင်နှစ်ထက်ပိုများနိုင်ကြောင်း ကျောင်းအပ်လက်ခံနေသည့် ဆရာမတစ်ဦး၏ ပြောကြားချက်အရသိရသည်။

 

ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိသတ်မှတ်ထားပြီး ဇွန်လ ၂ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

 

ymg/sth
#Yangon _Media_Group