#LocalNews
Published_25 May 2022

 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့်ရွှေကဏန်းနှင့် ကျောက်ပုစွန်တို့တွင် Virus ပိုးတွေ့ရှိ၍ တင်ပို့မှုကို ယာယီရပ်ဆိုင်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

Virus ပိုးတွေ့ရှိကြောင်း တရုတ်နိုင်ငံဘက်မှ သတိပေးခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပို့ကုန်များကိုစစ်ဆေးရာ ရခိုင်ပြည်နယ်မှ ရွံ့ဂဏန်းနှင့် ကျောက်ပုစွန်တို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့် ပိုးပါသည့် ဒေသကိုအတိအကျသိရှိစေရန်နှင့် ပိုးတွေ့ဒေသမှ ထွက်ကုန်ကို ယာယီပိတ်ထားနိုင်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ်အလိုက်မှထွက်သောရွှေကဏန်းနှင့် ကျောက်ပုစွန်များကို ရန်ကုန်ရှိဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးနေကြောင်းသိရသည်။

 

"မေလ ၂၃ ရက်နေ့က တရုတ်ကိုတင်ပို့တာတွေ ယာယီရပ်ထားတယ်။အခု ဓာတ်ခွဲခန်းမှာ စစ်ဆေးနေပြီ၊ ပြီးခဲ့တဲ့နှစ်ကလည်း ဂုံးတစ်မျိုးမှာရောဂါပိုးတွေ့တာကို ထပ်ပြီးပို့ခဲ့တာကြောင့် ခုထက်ထိ တင်သွင်းခွင့်မရတော့ဘူး။စစ်ဆေးနေချိန်၊စစ်ဆေးနေချိန်မှာ ခိုးပြီးတော့ တင်သွင်းတာမလုပ်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ပူးပေါင်းဆောင်ရွက်ကြစေချင်ပါတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူကပြောသည်။

 

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ရခိုင်ပြည်နယ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကျောက်ပုစွန်တန်ချိန် ၁၀၀ ကျော် ၊ ရွှကဏန်းတန်ချိန် ၄၀၀ ကျော်ခန့်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group