#LocalNews
Published -25 May 2022

 

မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းတွေဆောင် ရွက်သွားမှာဖြစ်လို့ ဧရာဝတီတံတား(မကွေး)ရေလမ်းကိုမေလ(၂၆)ရက်ကစပြီးပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

မူလက ဧရာဝတီတံတား(မကွေး)ရေလမ်းကို ရေယာဉ်တွေဖြတ်သန်းသွားလာဖို့ ရေလယ်တိုင်အမှတ်(၁၇)နဲ့ (၁၈)ကြား ဖွင့်လှစ်ပေးခဲ့ပြီး မေလ(၂၆)ရက်ကစလို့ ရေလယ်တိုင်အမှတ်(၁၆)နဲ့ (၁၇)ကြားပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်၊၊

 

ရေယာဉ်တွေဖြတ်သန်းရမယ့်ဝင်ပေါက်ကို နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား၊ညဘက်မှာ မီးစိမ်းပြထားမှာဖြစ်ပြီး မဖြတ်သန်းရမယ့်နေရာကို အနီရောင် အမှတ်အသား၊မီးနီပြထားမှာဖြစ်ပါတယ်၊၊

 

ရေလယ်တိုင် တစ်ဖက်တစ်ချက်မှာ (၁၅)ပေခန့်ထိုးထွက်မှုရှိတဲ့အတွက် ရေလယ်တိုင်နှစ်ခုကြားကို ယှဉ်တွဲခုတ်မောင်းခြင်းမပြုဖို့၊တွန်းတွဲရေယာဉ်တွေ တစ်တွဲချင်းချိတ်ဆွဲမောင်းနှင်ဖို့နဲ့ အစုန်ဦးစားပေးပြီး လုံလောက်တဲ့အကွာအဝေးက ချဉ်းကပ်လမ်းကြောင်းမှန်နဲ့ မောင်းနှင်ဖို့လိုတယ်လို့ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတိပေးထားပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group