#Local_News
Published_ 25 May 2022

 

နောင်ချိုမြို့နယ်တွင် ငွေကျပ် သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီတွင် နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားတွင် ရပ်စောက်မှ နောင်ချိုသို့ ယာဉ်မောင်း ဝဏ္ဏထွန်းမောင်းနှင်ပြီး ကျော်ကျော်မင်း လိုက်ပါလာသည့် HYUNDAI အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာခဲ့ပါတယ်။

 

ထိုသို့ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာတဲ့ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ မေ ၂၂ ရက် ညနေ ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်အနီး၊ အိုရီယမ်တယ်တိုးဂိတ်တွင် ဘိန်းဖြူများ တာဝန်ခံသယ်ဆောင် သူ သန့်ဇင်အောင်အား Mark X မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group