#Local_News
Published_ 25 May 2022

 

ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ညနေပိုင်းက ကော့သောင်းမှတဆင့် မြန်မာအလုပ်သမား ၁၉၃ ဦးသည် ထိုင်းနိုင်ငံသို့ ဒုတိယအသုတ် အဖြစ်ထွက်ခွာသွားကြောင်း သိရပါတယ်။

 

အဆိုပါအလုပ်သမားများဟာ ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ရေလမ်းခရီးမှတဆင့် Speed Boat ၃ စီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

 

ထွက်ခွာသွားတဲ့ အလုပ်သမားများအနက် မြန်မာနိုင်ငံ၏ ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများဖြစ်သည့် Lovely world Co,Ltd မှ ထိုင်းနိုင်ငံရှိ Unique Engineering and Construction Public Co,Ltd သို့ မြန်မာ အလုပ်သမား ၁၀၀ ဦး၊ Superior World Co,Ltd မှ ထိုင်းနိုင်ငံရှိ Nawarat Patanakam Public Co,Ltd သို့ မြန်မာအလုပ်သမား ၉၃ ဦး စုစုပေါင်းအလုပ်သမား ၁၉၃ ဦးအား ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါ လုပ်သားများမှာ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group