#LocalNews
Published_25 May 2022

 

ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ စာသင်ကျောင်းများကို ယခု ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တွင်လည်း ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရသည်။

 

၂ဝ၁၇ ခုနှစ်အတွင်း မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်နောက်ပိုင်း ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်းကောင်း ပိတ်ထားခဲ့ရသော စာသင်ကျောင်းပေါင်း ၁၂၂ ကျောင်း ရှိနေခြင်းလည်း ဖြစ်သည်။

 

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ တိုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ယခုအခါ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group