#Local_News
Published_ 24 May 2022

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက် ညနေ ၆ နာရီခန့်က မိုးညှင်းမြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မန္တလေးမှမိုးညှင်းသို့ သန်းဇော်မောင်းနှင်သည့် FUSO ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄၂ သိန်း တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်း ဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group