#LocalNews
Published -23 May 2022

 

မေလ(၂၂)ရက်က ပုလဲမေတ္တာ (အခမဲ့ဆေးကုခန်းနှင့် ဆေးပေးခန်း) ကို လာရောက်ပြသတဲ့လူနာဟာ မျောက်ကျောက်ရောဂါမဟုတ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြန်လည်ရှင်းလင်းခဲ့ပါတယ်၊၊

 

အဆိုပါ လူနာရဲ့ပုံကိုယူပြီး မျောက်ကျောက်ရောဂါ မြန်မာမှာဖြစ်နေတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ပြန့်နှံလာတဲ့အတွက် ပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပါတယ်၊၊

 

လာရောက်ပြသတဲ့လူနာဟာ ကားအောက်မှာကားဝင်ပြင်တဲ့အချိန် အခင်းမခင်းပဲ ဝင်ပြင်ချိန် ယားလို့ကုတ်ရာမှ ယားနာတွေ ဖြစ်ပေါ်လာတဲ့အတွက် ဆေးခန်းလာပြတာဖြစ်ပြီး မျောက်ကျောက်ရောဂါ မဟုတ်ဘူးလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြန်လည်ရှင်းလင်းဖော်ပြခဲ့ပါတယ်၊၊

 

နိုင်ငံတကာသတင်းတွေအရ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ(၉၂)ဦးရှိပြီဖြစ်ပြီး ကူးစက်ခံရသောနိုင်ငံတွေကတော့ ဗြိတိန်၊ ပေါ်တူဂီ၊ စပိန်တို့ပါဝင်ပါတယ်၊၊

 

မြန်မာနိုင်ငံမှာတော့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့ သတိပေးချက်တွေထုတ်ပြန်ထားပြီဖြစ်ပြီး ကူးစက်မှုမရှိသေးတဲ့အတွက် ကူးစက်ခံရသူရှိကြောင်းထုတ်ပြန်ချက်ကို ယနေ့ မေလ(၂၃)ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားမှု မရှိသေးဘူးလို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group