#LocalNews
Published_23 May 2022

 

ရေကြီးနေသောသောင်းရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ခိုးဝင်လာကြသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား မေလ ၂၁ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

ဖမ်းဆီးမိသော မြန်မာနိုင်ငံသားများမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး၂ ဦးဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့လမတ်မြို့နယ်အတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးခံရသူများမှာ ကရင်ပြည်နယ် ဘားအံမြို့တွင်နေထိုင်သူများဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပိုပေးသည့်ပွဲစားကို ဘတ်ငွေ ၂၅၀၀၀ မှ ၂၇၀၀၀ အထိ‌ ပေးဆောင်ခဲ့ရကြောင်း၊ ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangong_Media_Group