#LocalNews

Published_18 May 2022

 

လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ အတွင်းရေးမှူး ဦးစိုးစိုးဇော်အား စစ်ဆေးနေကြောင်း သတင်းပြန်ကြားရေးအဖွဲ ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်း ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော YMG ကို ပြောသည်။

 

"အဲဒီကိစ္စကတော့ ဟုတ်ပါတယ်။သူ့ကို ကျွန်တော်တို လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိစ္စကြောင့် ခေါ်ပြီးတော့ စစ်နေတာပါဗျ။သတင်းမှန်ပါတယ်"ဟု ယင်းကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲအတွင်းရေးမှူး ဦးစိုးစိုးဇော် မှာ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ရသူ ဖြစ်ကာ လက်ရှိ နစက လက်ထက်တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်နေသူ ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group