#LocalNews
Published - 12 May 2022

(၅)လတာ ကာလအတွင်း တရုတ်-လာအို မီးရထားလမ်းကြောင်းကနေ စုစုပေါင်းကုန်တန်ချိန် ၂.၉ သန်း ပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

တရုတ်-လာအိုမီးရထားလမ်း စတင်လည်ပတ်သည့် ၅ လတာအတွင်း စုစုပေါင်းကုန်တန်ချိန် ၂.၉ သန်း ပို့ဆောင်ခဲ့ပြီး ၅ လမြောက်တွင် ကုန်ပို့ဆောင်မှုပမာဏသည် တန်ချိန် ၁.၁ သန်းရှိသဖြင့် ပထမဆုံးလ၏ ၁၇၀,၀၀၀ တန်ထက် ၅.၅ ဆ တိုးများလာခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ခရီးသွားလာသူ ၂.၇ သန်းကျော်ကို ပို့ဆောင်ပေးခဲ့သဖြင့် ခရီးသည်ပို့ဆောင်ပေးမှု အခြေအနေကောင်းမွန်ကာ နိုင်ငံတကာ ကုန်စည်စီးဆင်းမှုလမ်းမကြီးအခန်းကဏ္ဍ စတင်ပေါ်လွင်လာတယ်လို့ ဆိုပါတယ်။

 

လက်ရှိတွင် တရုတ်-လာအိုမီးရထားလမ်း၏ နိုင်ငံဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် တန်ချိန်း ၅ သိန်းကျော်ရှိပြီးဖြစ်ကာ ထိုင်း၊ မြန်မာ၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ စသည့်နိုင်ငံနှင့် ဒေသပေါင်း (၁၀)ခုကျော်သို ပို့ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

ကုန်ပစ္စည်းအမျိုးအစားသည်လည်း စတင်လည်ပတ်သည့် ကနဦးကာလက ရာဘာ၊ ဓာတ်မြေသြဇာ၊ ကုန်မျိုးစုံမှ အီလက်ထရောနစ်၊ photovoaltic ၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ်၊ ပန်းမန်စသည့် အမျိုးအစား (၁၀၀)ကျော်အထိ တိုးချဲ့လာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - တရုတ် သံရုံး

 

ymg/kg
#Yangon_Media_Group