#LocalNews
Published -28Apr 2022

 

၂၀၂၂ခုနှစ်ဧပြီလ ၂၇ ရက်နေ့ ည ၆ နာရီခန့်က ထိုင်းနိုင်ငံတွင် ဂေါ်ဖီထုပ်ကားအတွင်း ပုန်းခိုလိုက်ပါလာတဲ့တရားမဝင် မြန်မာနိုင်ငံသား (၁၄) ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာ့အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

 

ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ ဂေါ်ဖီထုပ်များသယ်လာတဲ့ ယာဥ်(၂)စီးကို စစ်ဆေးရာအတွင်းပိုင်းတွင် ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၁၂) ဦးဆီကို ရှာဖွေတွေ့ရခြင်းဖြစ်ကာ တရားဝင် အထောက်အထားမပါတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၆)ဦး၊ အမျိုးသမီး (၈)ဦးနဲ့အတူ မော်တော်ယာဉ်မောင်းလာသည့် ထိုင်းနိုင်ငံသား အမျိုးသား (၂) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

 

ဧပြီလ ၂၇ ရက် နံနက် တစ်နာရီမထိုးမီအချိန်က ထိုင်းနိုင်ငံ ထစောင်ယန်ခရိုင်ခွဲ တတ်ခရိုင်တွင်း ကား ၂ စီး၊ ယာဉ်မောင်း ၂ ဦး အပါဝင် တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးရမိကြောင်း၊ယင်းတို့မှာပွဲစားခ ဘတ် ၂၃,၀၀၀ ပေးဆောင်၍ လာရောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းတို့ကို မဲ့မွေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

 

ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံမဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း မြန်မာနိုင်ငံသား အမျိုးသား စုစုပေါင်း ၅၄ ဦး ၊ ဧပြီလ ၂၁ ရက်က တကိုခီးကျေးရွာ မဲ့ဥဆုမြို့နယ် ထာ့စောင်ယန်ခရိုင်တွင် ၄၆ ဦး၊ ဧပြီလ ၂၂ ရက်က တတ်ခရိုင် ထာ့စောင်ယန်ခရိုင်ခွဲတွင် ၃၄ ဦး၊ ဧပြီလ ၂၄ ရက်နှင့် ဧပြီလ ၂၅ ရက်က ကန်ကျနဘုရီပြည်နယ်အတွင်း နေရာ ၅ နေရာ၌ ၇၅ ဦး အသီးသီး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရပါတယ်။

 

ymg/hm
#Yangon_Media_Group