#Local_News
Published_ 28 April 2022

 

မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်းခန့်ဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ ရောဂါများ ဖြစ်ပွားနိုင်တဲ့အန္တရာယ်များ ကြုံတွေ့နိုင်တယ်လို့ ယူနီဆက်က ထုတ်ပြန်ပါတယ်။

 

အားလုံး အသက်ရှည်ရှည်နေထိုင်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်တယ်လို့ ယူနီဆက်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါများဖြင့် ကလေးငယ်များ သေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

 

မတ်လအတွင်းမှာ ယူနီဆက်က ရှမ်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ဦးရေ ရှစ်ထောင်ကျော်အတွက် အသင့်စား ကုထုံးအစားအစာများ၊ အနုအာဟာရဓာတ်များနဲ့ ဗီတာမင်အေကဲ့သို့ မရှိမဖြစ်အရေးပါတဲ့ အာဟာရထောက်ပံ့ပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါတယ်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီးဦးရေစုစုပေါင်း ၄၅,၀၀၀ ခန့်ကို ပြင်းထန်အာဟာရချို့တဲ့ ဝေဒနာစောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ကာ အနုအာဟာရဖြည့်စွက်စာများလည်း ပံ့ပိုးပေးခဲ့ပါတယ်။

 

မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ နှစ်သောင်းသုံးထောင်ကျော်ကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့တယ်လို့ ယူနီဆက်က ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group.