#LocalNews
Published -15 Apr 2022

 

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်တွင် ဧပြီလ ၁၄ ရက်ညပိုင်းက အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုန့်ဝယ်ကျွေးမယ်ဟု အပြင်သို့ခေါ်ဆောင်သွားကာ အလိုမတူပဲသားမယားအဖြစ်ပြုကျင့်သည့် ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဂွမြို့ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

 

ဖြစ်စဥ်မှာ မြို့မရပ်ကွက်တွင်နေထိုင်သူ ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ် စျေးရောင်းလုပ်ကိုင်သူက တစ်လမ်းနေသူ မ---(၁၃)နှစ်အား အပြင်သို့ မုန့်ဝယ်စားရန် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး မြို့ပြင်ရှိ မြို့အဝင်အထွက်ဂိတ်အကျော် တောင်ကြားလမ်းအတွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် မ------အား ပြန်လည်ခေါ်ဆောင်လာပြီး သစ်သီးဆိုင်မှ ပန်းသီးနှစ်လုံးဝယ်ပေးကာ နေအိမ်အနီးသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းတွင် ကျောင်းဝေယျာဝစ္စလုပ်ကိုင်နေသူ မ-----၏ မိခင်ဖြစ်သူအား ၎င်း၏ ယောက်မဖြစ်သူက သမီးဖြစ်သူ၏ ဖြစ်စဥ်ကို သွားရောက်ပြောကြားခဲ့သောကြောင့် မ------၏ မိခင်ဖြစ်သူသည် မြို့မရဲစခန်းသို့ တရားလိုပြုလာရောက် တိုင်တန်းသဖြင့် ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃အရ အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group