#Local_News
Published_ 12 April 2022

 

မဟာသင်္ကြန်ကာလ ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို အများပြည်သူများလည်ပတ်နိုင်ရန် ပုံမှန်အတိုင်းဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

တိုင်းရင်းသားကျေးရွာကို နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ရေကစားပြီး ပြန်လာသူများ ၀င်ရောက်အနားယူလည်ပတ်နိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ကာ ၀င်ကြေးအနေဖြင့် လူကြီးတစ်ဦးကို ငွေကျပ် ၅၀၀ နှင့် အသက် ၁၀နှစ်အောက်ကလေးများကို အခမဲ့၀င်ခွင့်ပေးမှာ ဖြစ်ပါတယ်။

 

တိုင်းရင်းသားကျေးရွာကို ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် လူဦးရေ ၄၀၀ ခန့် လာရောက်လည်ပတ်လေ့ရှိပြီး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ၁,၅၀၀ ခန့် ရှိကြောင်း သိရပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ ယာယီပိတ်ထားခဲ့ကာ ၂၀၂၁ ခုနှစ် မေ ၃ ရက်တွင် တိုင်းရင်းသားကျေးရွာသို့ အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group