#LocalNews
Published_11 April 2022

 

ရခိုင်ပြည်နယ် စစ်တွေမြိုဝေသာလီကွင်းတွင် ရခိုင်နာမည်ကြီးအဆိုတော်များဖြင့် သင်္ကြန်အကြို "ဂန္တဝင်များရဲ့အိမ်အပြန်" ဂီတဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ကြောင်း Rakhapura Entertainment Group ဥက္ကဋ္ဌ ဦးသိန်းထိုက်ဇော်ကပြောသည်။

 

ဧပြီလ ၁၂ ရက်တွင်ပြုလုပ်မည့် အဆိုပါ ဂီတဖျော်ဖြေပွဲတွင် ရခိုင်ဂီတနာမည်ကြီး အဆိုတော်များ ဖြစ်ကြသော မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ သိန်းထိုက်ဇော်၊ နေထက်လင်း၊ ညီမင်းခိုင်၊ ဒိုးရ်အီ တို့ အပါဝင် အခြားနာမည်ကြီး အဆိုတော်များနှင့် မျိုးဆက်သစ် အဆိုတော်များ ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ဂီတဖျော်ဖြေပွဲအတွက် ဝင်ခွင့်လက်မှတ်ကို ကျပ်တစ်သောင်း၊ နှစ်သောင်း၊သုံးသောင်း သတ်မှတ်ရောင်းချမည် ဖြစ်ကြောင်း၊အဆိုပါ ဂီတဖျော်ဖြေပွဲမှ ရရှိသောငွေကြေးများကို ရက္ခပူရယူနိုက်တက်ဘောလုံးအသင်းရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group