#Local_News
Published_ 11 April 2022

 

သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ရန်ကုန်ရှိ ဆိပ်ကမ်းဝန်ဆောင်မှုများ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

 

သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ဆိပ်ကမ်းဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးကြေညာထားပါတယ်။

 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများအားလုံး၏ ဆိပ်ကမ်းဝန်ဆောင်မှုများကို ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group