#LocalNews
Published - 6 April 2022

 

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

ယနေ့ ဧပြီလ (၆)ရက် ၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာများတွင် ယာယီဓာတ်အားပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ပေးနိုင်ရေးအချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာထားပါတယ်။

 

ယခုလို လျှပ်စစ်ဓါတ်အားပြတ်တောက်ရခြင်းဟာ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့လည်း YESC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg/kg
#Yangon_Media_Group