#LocalNews
Published - 5 March 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ (၁၄)လမ်းတွင် ယနေ့ ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါလမ်းတွင်းရှိ နေအိမ်အချို့ပါ မီးကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် သုမာလာ (၁၄)လမ်းရှိ နေအိမ်ခြောက်လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးစတင်လောင်းရတဲ့ အကြောင်းအရင်းကိုမသိရသေးပဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ယင်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၉ နာရီ ၇ မိနစ် အချိန်ခန့်တွင် Level -1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၉ နာရီ ၁၄ မိနစ်အချိန်တွင် Level -2 ယာဉ်အုပ်စုဖြင့် ထပ်မံမီးငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုသို့ ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၆ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ၊ မိနစ် ၂၀ အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

Photo- MFSD/CJ

 

ymg/kg
#Yangon_Media_Group