Published 4 April 2022

တရုတ်နိုင်ငံရဲ့ ကုန်းလမ်း-ရေလမ်း လမ်းကြောင်းသစ်တစ်ခုအဖြစ် ရန်ကုန်ကို ခရီးဆုံးထားရှိကာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ရောက်အောင် ကုန်စည်ပို့ဆောင်တဲ့ တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်- အိန္ဒိယသမုဒ္ဒရာ)ဟာ ဧပြီ ၂ရက်နေ့ စနေနေ့က ချုံချင့် မီးရထား ကွန်တိန်တာ စင်တာကနေ ထွက်ခွာ ခုတ်မောင်းခဲ့ပါတယ်။

 ချုံချင့်ကထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ် အစိတ်အပိုင်းတွေ သယ်ဆောင်လာတဲ့ အဲဒီ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားဟာ ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်းမှာ  ကုန်းလမ်းပို့ဆောင်ရေးအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံကို အဝေးပြေးလမ်မကြီးမှ တစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမှာဖြစ်ပါတယ်။

ယခုသယ်ယူပို့ဆောင်မှုအသစ်အရ ရန်ကုန်ကိုရောက်ရှိဖို့ ရက်ပေါင်း ၁၀ရက်မှ ၁၄ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ တကယ်လို့ ယန်စီမြစ်ကနေတစ်ဆင့် အရှေ့ပိုင်းကမ်းခြေမြို့အထိသွားကာ အဲဒီကမှတစ်ဆင့် ပင်လယ်ထဲထွက်တဲ့ သမားရိုးကျ လမ်းကြောင်းအရဆိုရင် ရက်ပေါင်း ၂၀ကျော် ကြာမြင့်တာပါ။ ယခုလမ်းကြောင်းသစ်အရ သယ်ယူပို့ဆောင်ရာမှာ ကြာမြင့်ချိန်ကို ဖြတ်တောက်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီနှစ်အကုန်မှာ အဲဒီလမ်းကြောင်းကနေ ကမ္ဘာအနှံ့ နိုင်ငံပေါင်း၁၀၇နိုင်ငံက ဆိပ်ကမ်းပေါင်း ၃၁၅ ခုအထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ်မှာ ချုံချင့်ကနေသွားတဲ့ ရထား-ပင်လယ်ကုန်သယ်ယူမှု၊ နယ်စပ်ဖြတ်ကျော်ပြီး လွန်းပျံ ဘတ်စ်ကားများနှင့်ပို့ဆောင်မှုနှင့် နိုင်ငံတကာရထားလမ်းကြောင်းအသုံးပြုမှုတို့ဟာ စုစုပေါင်းကုန်စည်တွေရဲ့ ၆၀ရာခိုင်နှုန်း၊၁၇ရာခိုင်နှုန်းနှင့် ၃၀ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်တဲ့အတွက် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်တစ်ခုအဖြစ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဲဒါဟာ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source CMG