ယနေ့ ဇွန်လ၁၉ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့၇၆နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတစ်ခုကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ ပြုလုပ်သွားတဲ့အကြောင်း အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်အဖြစ်ဆက်လက်ရှိနေပြီး လာမယ့်အပတ်မှာ တရားရင်ဆိုင်ဖို့ဆက်ရှိနေတယ်လို့ သတင်းကဖော်ပြထားပါတယ်။ ဒီကနေ့မှာ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲအချို့ မြန်မာနိုင်ငံမြို့ကြီးအချို့မှာရှိခဲ့တာဖြစ်ပါတယ်။

Source:AF