#LocalNews

Published_29 March 2022

ကလေးမြို့ မှစာမေးပွဲမေးခွန်းများ သယ်လာသောတပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းသို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ကျော်အချိန်က ဖြစ်ပွားခဲ့သော အဆိုပါ မတော်တဆမှုတွင် သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ နှစ်ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

"လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဆိုတော့ စာမေးပွဲမေးခွန်းတွေကို တပ်မတော်ရဟတ်ယာဉ်သုံးပြီးပိုရတာရှိတယ်။ ဒီနေ့မနက် ၈ နာရီ မိနစ် ၅ဝ လောက်တုန်းက ဒီရဟတ်ယာဉ်က စာမေးပွဲ မေးခွန်းတွေထုတ်တော့ ကလေးကနေဟားခါးမှာရှိတဲ့ ရဟတ်ယာဉ်ကွင်းကိုသွားတယ်။ ၉ နာရီ ၂ဝ မိနစ်လောက်မှာ ဟားခါးကိုရောက်တယ်။ တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁ဝဝ လောက်ကွာတဲ့ တောင်စောင်းပေါ်မှာပြုတ်ကျတယ်။ ရဟတ်ယာဉ်အမြီးကျိုးသွားတယ်။နည်းနည်းတော့လန်သွားခဲ့တယ်" ဟုယင်းကပြောသည်။

ymg/mt
Yangon_Media_Group