#LocalNews
Published - 27 March 2022

 

ပုဂံဒေသသို့ လာရောက်ကြမည့် ခရီးသွားများအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလက်မှတ်ကို ယူဆောင်လာရမည်ဖြစ်ပြီး အဆိုပါလက်မှတ်ပါမှသာ ဝင်ရောက်
ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

 

"ပုဂံအဝင်မှာကာကွယ်ဆေး လက်မှတ်ပါမပါစစ်ပါတယ်။ ပါခဲ့ရင်တောင် ၂ ကြိမ်ထိုးပြီး တတိယအကြိမ်ထိုးဖို့ လိုပြီဆိုရင် ထိုးဖို့ပြောပါတယ် ။ တစ်ခါတည်း မြို့အဝင်ကတည်းက တန်းထိုးပေးနေပါတယ်။"လို့ ပုဂံဒေသခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိကာလမှာ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုတွေ များပြားနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

"ဧည့်သည်က ပြန်ဝင်နေပါပြီ။ အခုလို ရုံးပိတ်ရက်တွေဆို ဧည့်သည်ဝင်ရောက်မှုများပါတယ်။ ရှေ့လမှာလည်း သင်္ကြန်ရုံးပိတ်ရက်ကာလရှိနေတော့ ပုဂံဘက်ကို ဧည့်သည်တွေအဝင်များမယ်လို့ ခန့်မှန်းထားပါတယ်။"လို့ ပုဂံဒေသ ဧည့်လမ်းညွှန်တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ခရီးသွားများအတွက် ပုဂံဒေသရှိ ဘုရားစေတီပုထိုးများကို ပုံမှန်တိုင်းဖွင့်လှစ်ပေးထားပြီး ဘုရားဖူးများတည်းခိုနားနေနိုင်ရန်အတွက် ဟိုတယ်၊မိုတယ်များကိုလည်း ယခုကာလတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

 

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုတွေလျော့ကျလာခဲ့ပြီး ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းမှစလို့ ကမ်းခြေ ဒေသနှင့် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

 

ymg/kg
#Yangon_Media_Group