#Local_News
Published_ 27 March 2022

 

၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့မှုများဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည့် ကုမ္ပဏီပေါင်း ၁၂၀၀ အထိ ရှိလာကြောင်း နစက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

ဇန်နဝါရီလအတွင်း ပယ်ဖျက်မှုများအနေဖြင့် ဇန်နဝါရီ ၃ ရက်တွင် ကုမ္ပဏီ ၁၀၀ ၊ ဇန်နဝါရီ ၇ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဇန်နဝါရီ ၁၇ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်း ကုမ္ပဏီ ၄၀၀ ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီလအတွင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် ကုမ္ပဏီများမှာ ဖေဖော်ဝါရီ ၁ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ ၄ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကုမ္ပဏီ ၁၀၀၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်း ၄၀၀ ရှိပါတယ်။

 

မတ်လအတွင်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် ကုမ္ပဏီများမှာ မတ် ၁ ရက်တွင် ကုမ္ပဏီ ၁၀၀၊ မတ် ၄ ရက်တွင် ကုမ္ပဏီ ၁၀၀၊ မတ် ၁၅ ရက်တွင် ကုမ္ပဏီ ၁၀၀၊ မတ် ၂၁ ရက်တွင် ကုမ္ပဏီ ၁၀၀ ဖြင့် စုစုပေါင်း ၄၀၀ ရှိပါတယ်။

 

ဒါ့ကြောင့် ၂၀၂၂ ခုနှစ် နှစ်စမှ မတ်လအထိ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၁၂၀၀ အထိရှိလာပါပြီ။

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သောကြောင့် မြန်မာနိုင်ငံကုမ္ပဏီများ ဉပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group