#LocalNews
Published -27 Mar 2022

 

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၂)ရပ်ကွက်၊ ဂန္ဓမာလမ်းတွင် နီလင်းအောင်(ခ) မွန်လေး မောင်းနှင်ပြီး ခိုင်မိုးလင်း(ခ)ကိုခိုင် လိုက်ပါလာသည့် Nissan AD Van ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အိမ်အမှတ်(၃၁၉)နေ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အားလို(ခ)အိုက်စိုင်း ၏နေအိမ်ကို ဆက်လက်ရှာဖွေရာ ပြည့်စုံအောင်၊ ဇော်မျိုးနိုင်(ခ)ဇေရဲ(ခ) ကုလား နှင့် မယုဝတီအောင် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၈ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံ တန်ဖိုးရှိ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group