#LocalNews
Published - 23 March 2022

 

သီတဂူဆရာတော်ကြီးနှင့် သိရီလင်္ကာဆရာတော်ကြီးများတွေ့ဆုံပြီး မတ်လ ၂၂ ရက်နေ့က ဗုဒ္ဓတက္ကသိုလ်နှစ်ခုအကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါနေ့မှာပင် သီတဂူဆရာတော်ကြီးထံ အလည်အပတ်ရောက်ရှိနေသော သိရီလင်္ကာ
ဆရာတော်ကြီးများသည် သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ပညာရေးမှူး ဆရာတော် ဒေါက်တာအရှင်ပဉောာဘာသ ဦးဆောင်သော သင်ကြားစီမံဆရာတော်များနှင့် ပညာရေးဆိုင်ရာကိစ္စများကို အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီး သီတဂူအဓိပတိဆရာတော်ကြီးနှင့် Postgraduate Institute Of Pali and Buddhist Studies, Kelaniya University မှ ဒါရိုက်တာဆရာတော် ဒေါက်တာ ဓမ္မဇောတိ တို့က တက္ကသိုလ် ၂ ခုအကြား ပညာရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းလုပ်ဆောင်နိုင်ရေးဆိုင်ရာ နာလည်မှု စာချွန်လွှာမူအားဖြင့် အကြိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်တယ်လို့လည်း သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓါတ်ပုံ - သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

#ymg-kg
#Yangon_Media_Group