#LocalNews
Published -23 Mar 2022

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၂ ဘီးတွဲယာဥ်၏ Steam Boiler အတွင်းသယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်သွားကားလမ်း၊ နားဋောင်းကျကျေးရွာအနီးတွင် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ထိန်လင်းအောင် မောင်းနှင်လာသည့် ဒေါင်ဖန်း အမျိုးအစား ၂၂ ဘီး တွဲယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် Steam Boiler အတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁,၀၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ထိန်လင်းအောင်(၃၁)နှစ်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group