#LocalNews
Published - 21 March 2022

 

     ၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

     ၂၀၂၁−၂၀၂၂ ပညာသင်နှစ် (၁)နှစ်ပတ်လုံး ပိတ်ထားခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကို ယခု ၂၀၂၂−၂၀၂၃ ခု ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သီတဂူသင်ကြားစီမံ ဆရာတော်များ၏ အစည်းအဝေးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

     တက္ကသိုလ်ဝင်ခွင့်စည်းကမ်းများမှာ ယခင်နှစ်များကဲ့သို့ဖြစ်သော်လည်း တက္ကသိုလ်အတွင်း နေထိုင်ခွင့် အသက်ကို ယခင်က ၂၈ နှစ်အထိသာ သတ်မှတ်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ အသက် ၃၀ အထိ လက်ခံမည်ဖြစ်ကြောင်း အစည်းအဝေးက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

 

     ဝင်ခွင့်လျှောက်လွှာတင်ခြင်း၊ ဝင်ခွင့် စာမေးပွဲ ဖြေဆိုခြင်း စသည့် စည်းကမ်းမျာကိုမူ အောက်ပါအတိုင်း ဖော်ပြသတ်မှတ်ထားကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - သီတဂူစတား

ymg/kg
#Yangon_Media_Group