#LocalNews
Published - 10 March 2022

 

ကျွန်းလှဗုဒ္ဓတက္ကသိုလ်(KBU)နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်ရာဇဝိဒလျတက္ကသိုလ်(IBSC)တို့ အကြား ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့(မတ်လ ၁၀)ရက်၊ နံနက်ပိုင်းအချိန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲသို့ IBEC -ဆရာတော်ဒေါက်တာအရှင်သောဘိတ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ-ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်) ဦး ဆောင်သောအဖွဲ့ နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်ရာဇဝိဒလျတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာပါ။

 

ဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဥ်တွင်လည်း ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်တက္ကသိုလ်အကြီးအကဲများဖြင့်တွေ့ဆုံကာ တက္ကသိုလ်နှစ်ခုကြား နားလည်မူစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

 

ထိုင်းနိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဥ်ကြွချီသွားခဲ့တဲ့ IBEC -ဆရာတော်ဟာ မတ်လ(၇)ရက်နေ့က အဆိုပါနိုင်ငံသို့ရောက်ရှိခဲ့ပြီးမတ်လ(၁၀)ရက်နေ့အထိ နေထိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥ ရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများကိုလည်း ပြောကြားခဲ့တာဖြစ်တယ်လို့ IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။

ymg/kg
#Yangon_Media_Group