#LocalNews
Published - 4 Mar 2022

 

မုံရွာမြို့တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်တွေများပြားနေပြီး တစ်ရက်လျှင် အနည်းဆုံး ၂ မှုမှ ၃ မှုအထိ ရှိနေတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

ယနေ့ မတ်လ ၄ ရက်နေ့တွင် ပြည်ထောင်စုလမ်း၊ကန်သာဈေးအနီးတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရအမျိုးသားလူနာ(၁)ဦးရှိခဲ့သလို ယမန်နေ့(မတ်လ ၃)ရက်နေ့မှာလည်း ပြည်ထောင်စုလမ်း၊ ရေစင်ကြီးမီးပ္ပိုင့်အနီးတွင်ဆိုင်ကယ်မ တော်တဆမှုတစ်ခုဖြစ်ပွား‌ခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

"မုံရွာမှာ ဆိုင်ကယ်မတော်တဆမှုတွေက ခဏခဏဖြစ်နေတာ အခုနောက်ပိုင်းပိုများလာတယ်။ တစ်ရက်ကို အနည်းဆုံးနှစ်ခု လောက်ဖြစ်နေတယ်။ တစ်ခါတစ်လေ ဖြစ်စဥ်ငါးခု၊ ခြောက်ခုလောက်အထိ ဖြစ်နေတာမျိုးရှိပါတယ်။"လို့ ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်များကြောင့် ထိခိုက်ဒဏ်ရာရသူများကို နေ့စဥ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးနေရတယ်လို့လည်း အဆိုပါလူမှုကူညီရေးအသင်းက ဆိုပါတယ်။

 

ဒါကြောင့်လည်း ဆိုင်ကယ်စီးနင်းသူများအနေနဲ့ ဂရုတစိုက်စီးနင်းကြဖို့ကိုလည်း ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက မေတ္တာရပ်ခံ အသိပေးနှိုးဆော်ထားပါတယ်။

 

Photo - CJ

ymg/kg
#Yangon_Media_Group