#LocalNews
Published-2 Mar 2022

 

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် ICJ သို့ သွားရောက်ရင်ဆိုင်ခဲ့တဲ့ နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသီတာဦးတို့ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

 

ပြန်လည်ရောက်ရှိလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ၊နိုင်ငံရေးပါတီတွေက တာဝန်ရှိသူများနဲ့ ပြည်သူတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ ကြိုဆိုခဲ့ကြပါတယ်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ဇန်နဝါရီလ ၂၀ ရက်တွင် ကနဦးကန့်ကွက်လွှာအား တင်သွင်းခဲ့ကာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကန့်ကွက်လွှာနဲ့ပတ်သတ်တဲ့ ကြားနာပွဲသို့ တက်ရောက်ခဲ့ပြီး ပထမအကြိမ်နှုတ်ဖြင့် လျှောက်လဲခဲ့ခြင်း၊ဖေဖော်ဝါရီ ၂၅ ရက်တွင် ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုများအား ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group