ရခိုင်ပြည်နယ် သံတွံလေဆိပ်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေနစ်မြုပ်မှု ဖြစ်ပေါ်နေတယ်လို့ လေဆိပ်တာဝန်ရှိသူ တစ်ဦးက Yangon Times ကိုပြောပါတယ်။ လေဆိပ်ရေနစ်မြုပ်မှုကြောင့် လေယာဉ်ဆင်းသက်မှုတွေကိုလည်း ခေတ္တရပ်ဆိုင်းထားတယ်လို့ လေဆိပ်တာဝန်ရှိသူတွေထံက သိရပါတယ်။ လက်ရှိမှာ ပြည်တွင်းလေကြောင်းလိုင်း တွေအနေနဲ့ အရေးပေါ်လိုအပ်ချက်တွေအတွက် သတ်မှတ်ပေးထားတဲ့ လေကြောင်းခရီးစဉ်တွေဖြစ်တဲ့ ရန်ကုန်ကနေ စစ်တွေ ၊သံတွဲ ၊ကျောက်ဖြူ၊ လားရှိုး ၊ဟဲဟိုး ၊မန္ထလေး ၊ ခန္တီး ၊ မြစ်ကြီးနားမြို့ ပူတာအိုမြို့ နဲ့ နေပြည်တော်တို့ကို ပြေးဆွဲပေးနေတာပါ။ သံတွဲမြို့မှာ ဒီကနေ့ မနက်ပိုင်းကတည်း က မိုးကြီး လျက်ရှိပြီး ယခုအချိန်ထိရွာသွန်းလျက်ရှိနေသေးတယ်လို့ သံတွဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ် က ဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင်တယ်လို့ မိုးဇလ က ထုတ်ပြန်ကြေညာထားပါတယ်။