#LocalHealth
Published - 25 Feb 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖျားနာသူ၅၀၀ခန့်ကိုဗစ်ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦးထပ်မံတွေ့ရှိရတယ်လို့ မြို့ နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနကသိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သီပေါမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ Positiveလူနာများနဲ့ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၄၉၈)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၂၂)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရတာလို့ သိရပါတယ်။

"ဖျားနာတဲ့လူတွေရော ပိုးတွေ့လူနာနဲ့ထိစပ်သူတွေရော စစ်ဆေးတာမှာလူနာသစ် ၂၂ဦးတွေ့တာဖြစ်ပါတယ် အားလုံး ကိုဗစ်စည်ကမ်းနဲ့အညီကုသပေးနေပါတယ်"လို့ မြို့နယ်ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်သူများအား Home Quarantine ထားရှိ ထားတယ်လို့ သိရပါတယ်။

သီပေါမြို့နယ်တွင်ဖေဖော်ဝါရီလ ၂၄ရက်အထိကိုဗစ်ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း (၁၈၃၀)ဦးရှိပြီး၊ သေဆုံးသူ(၁၀၁)ဦးရှိပြီဖြစ် ကာလက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ(၆၂)ဦးရှိတယ်လို့ သိရပါတယ်။
ymg/hm

#Yangon_Media_Group