Published-2 August 2021
ပင်းတယမီးအိမ်ရှင်လို့လူသိများတဲ့ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးကဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ်မှာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ကို ယနေ့ နံနက်ပိုင်းတွင် အမှုပိတ်ပြီးဖြစ်ကြောင်းကိုလည်း သူရဲ့ လူမှုကွန်ယက်စာမျက်မှာ ရေးသားထားပါတယ်။
ယနေ့မှာ ပုဒ်မ၅၀၅ နဲ့တရားစွဲဆိုခံထားရသူတွေကို
ပြန်လည် စေလွှတ်တာတွေရှိပြီး ပါဝင်ခဲ့သူတွေကိုအတိအကျမသိရသေးဘူးလို့ အကျဉ်းဦးစီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က Yangon Timesကိုအတည်ပြုပြောကြားပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ကို CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်မှု ပြုလုပ်ခြင်းကြောင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားဆွဲကာ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင်ထိန်းသိမ်းခဲ့ခြင်းဖြစ်ပါတယ်။