#LocalHealth
Published -24 Feb 2022


တနင်္သာရီမြို့ အထက ကျောင်းတွင် ကျောင်းသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတာကြောင့်ထပ်မံစစ်ဆေးရာဆရာမ(၁)ဦးနဲ့ အခြားကျောင်းသား၊ကျောင်းသူ(၅)ဦးကိုဗစ်ကူးစက်ခံထားရတာကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီ တနင်္သာရီမြို့ အထကကျောင်းမှတက္ကသိုလ်ဝင်တန်း (Grade-11) ကံ့ကော်အခန်းတွင် ပညာသင်ကြား နေ သော အသက်(၁၇)နှစ်ရှိ ဆင်ခြေဖုံးကျေးရွာအုပ်စု-ဘန်းသဲကျေး ရွာနေသူမှာဖေဖော်ဝါရီလ ၂၃ရက်နေ့ကကျောင်းသို့ လာရောက်စဥ် နေမကောင်းတာကြောင့်မြို့ နယ်ပြည်သူ့ဆေးရုံတွင် ပြသကာကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့်စစ် ဆေးခဲ့ရာ ရောဂါပိုး အတည်ပြတွေ့ရှိခဲ့တာဖြစ်တယ်လို့ မြိုနယ်ကျန်းမာရေးဦးစီးဌာနကသိရပါတယ်

ထိုသို့ရောဂါကူးစက်ခံထားရသူတွေ့ရှိခဲ့တာကြောင့် အထက-တနင်္သာရီကျောင်းရှိ (Grade-11) စာသင်ခန်း(၃)ခန်းမှ ဆရာ/မ(၈) ဦးနှင့်ကျောင်း သား/သူ(၉၇)ဦး စုစုပေါင်း(၁၀၅) ဦးတို့အားကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test kit ဖြင့်ဆက်လက် စစ် ဆေး ပေးခဲ့ရာ ဆရာမ(၁)ဦးနှင့် ကျောင်းသား/သူ(၅)ဦးတို့ တွင် ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိ သဖြင့် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းဆရာမ(၁)ဦး၊ကျောင်းသား/သူ(၆)ဦး၊ ပေါင်း(၇)ဦးဖြစ် တယ်လို့ သိရပါတယ်။

ပိုးတွေ့သူ ဆရာမနဲ့ကျောင်းသား၊ကျောင်းသူ တို့ မှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပြီးသူများဖြစ်ကာထူးခြားရောဂါလက္ခဏာပြသမှုမရှိခြင်းကြောင့် ကျောင်းသားတစ်ဦးအားမြို့နယ်ပြည်သူ့ဆေးရုံသီးသန့်လူနာဆောင်တွင်စောင့်ကြပ်ကြည့်ရှု ဆေးကုသပေးထားကြောင်း၊ ကျန်(၆)ဦးအား ၎င်းတို့ ၏နေအိမ်၌ Home Isolation ထားကာရှိစောင့်ကြည့်ကူသမှုခံယူစေတယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာတွေ့ရှိခဲ့တဲ့ကျောင်းကိုဖေဖေါ် ဝါရီလ(၂၃ရက်မှ၂၇ရက်နေ့)အထိ (၅)ရက်တိတိ ယာယီ ကျောင်းပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group