#LocalNews
Published -22 Feb 2022

 

အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) ဖြင့် စွဲချက်တင်ခံထားရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး အမှုကို လာမည့် မတ်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်တွင်းတရားရုံး၌ အမိန့်ချမည်ဖြစ်ကြောင်း တရားရုံး အသိုင်းအဝိုင်းက ပြောသည်။

 

"ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြတယ်။ပြစ်မှုကျူးလွန်တာ မရှိတဲ့အတွက်အပြီးပြတ်လွှတ်ပေးဖို့ဆိုပြီး အပြီးသတ်လျှောက်လဲချက်ကို ဒီနေ့တင်ခဲ့တာပါ ။တရားရုံးကလည်း မတ်လ ၈ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုခဲ့တယ်" ဟု အဆိုပါ အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကပင် ထိန်းသိမ်းခံထားရသော ကိုမြအေးက အပြစ်မရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက် ရုံးချိန်းတွင် ကိုယ်တိုင်ထုချေခဲ့သေးသည်။

 

ymg/mt
#Yangon_Media_Group