#LocalNews
Published - 22 Feb 2022

 

စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအချို့ကလည်း အခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးလာတာကြောင့် ယခင်ထက် ပီလောပီနံစိုက်ဧက တစ်သောင်းခန့်လျော့ကျသွားတယ်လို့ စီးပွား/ကူးသန်း ဝန်ကြီးဌာန ဧရာကုန်သွယ်မှုဗဟိုဌာနက သိရပါတယ်။

 

ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းနဲ့ သာပေါင်းမြို့နယ်တို့မှာ အဓိကစိုက်ပျိုးလျက်ရှိပါတယ်။ တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ နှစ်စဉ် ပုံမှန် ပီလောပီနံစိုက်ပျိုးဧရိယာ ၃ သောင်းကျော်ရှိပါတယ်။

 

ယခင်ကာလတူနှစ်အတွင်း ပီလောပီနံအတောင့် တစ်ပိဿာလျှင် ကျပ် ၁၃၀ မှ ကျပ် ၈၀ ခန့်အထိ ဈေးကျဆင်းသွားပြီး ပီလောပီနံမှုန့် တစ်ပိဿာကို ကျပ် ၈၅၀ မှ ကျပ် ၅၀၀-၅၅၀ ထိ ဈေးကျဆင်းသွားတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်ထားပါတယ်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကစတင်ပြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရာမှာ သွင်းအားစုဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်ချောဈေးကျဆင်းလာတာတို့ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 

ယခင်က ၂၀,၀၀၀ ကျပ် ဝန်းကျင်းရှိတဲ့ ယူရီးယားဓာတ်မြေသြဇာဟာ ယခုအခါ တစ်အိတ်ကို ၈၀,၀၀၀ ခန့်အထိ ဈေးတက်လာတဲ့အတွက် တောင်သူတွေအနေနဲ့ ဓာတ်မြေသြဇာအကြိမ်ရေပြည့်မီအောင် အသုံးမပြုနိုင်ဘဲ တစ်ဧကအထွက်နှုန်းလည်း ပျမ်းမျှအထွက်နှုန်း ပိဿာ ၂,၀၀၀ ဝန်းကျင်ထိ ကျဆင်းလာတယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group